Wednesday, April 8, 2015

Telenor ​ဘေကုန်​သက်​သာ​အောင်

Ooredoo တို့ Telenor တို့ လိုင်း​ကောင်းတဲ့အခါကျ​တော့ လူသုံးကလည်းများလာတယ်​။ ဒါ​ပေမယ့်​ ဆိုးတာက data plan နဲ့ ပိုက်​ဆံ​ကောက်​တာပဲ။ ကျုပ်​တို့​တောသား​တော်​​တော်​များများက data plan ဆိုတာဘာမှန်း​တောင်​သိတာမဟုတ်​ဘူး​လေ။ အဲ့ဒီ​တော့ ​တွေ့သမျှ​ဆော့ဝဲ​တွေ​လျှောက်​တင်​ ဖွင့်​ချင်​တာ​လျှောက်​ဖွင့်​ပြီး ဖုန်း​ဘေလ်​က ပြိုက်​ခနဲ ပြိုက်​ခနဲ ဖြစ်​​နေ​တော့တာ​ပေါ့။ အဲ့လို မလိုအပ်​တာ​တွေမကုန်​ဖို့ နည်း​လေးတစ်​ခု​ပေးမယ်​ဗျာ။ဘာ​ဆော့ဝဲမှလည်းမလိုပါဘူး။၁။ setting ထဲကိုသွားပါ။၂။ android version 4.3 ​အောက်​ဖုန်း​တွေဆို data usage , 4.3 နှင့်​ အထက် ဖုန်း​တွေဆို Network app ထဲကိုဝင်​ပါ။၃။ ​ရောက်​ပြီဆိုရင်​ menu key ကိုနှိပ်​ပြီး restrict mobile background data ဆိုတာကို အမှတ်​ခြစ်​ပြီး ok လုပ်​​ပေးလိုက်​ပါ။ဒါဆိုရင်​ ​နောက်​ကွယ်​က app ​တွေအားလုံး မိုဘိုင်း​ဒေတာကို ယူမသုံး​တော့ပါဘူး။ ကိုယ်​သုံး​နေတဲ့ app တစ်​ခုကပဲ ​ဒေတာကိုယူသုံးမှာဖြစ်​တဲ့အတွက်​ အကုန်​အကျ သက်​သာသွားတာ​ပေါ့ဗျာ။

No comments:

Post a Comment