မိမိ သုံးနေတဲ့ Battery အကြောင်း အမျိုးမျိုးကြောင့် အားကုန်သွားတဲ့အခါ
***************************
လုံးဝကို အားမရှိတော့အောင် ချက်တင် ထိုင်လိုက်တာ
အားပြန်သွင်းတဲ့အခါ battery ဟာ ခဏလေးနဲ့
နှစ်ဆယ် ရာခိုင်နှုန်း ချက်ချင်းရောက်သွားပါတယ်
အဲဒီလိုဖြစ်တာ မကောင်းပါဘူး။
ဟန်းဆက်လည်း အတွင်းပိုင်းပစ္စည်းတွေ ထိခိုက်နိုင်သလို ရေရှည်မှာ Battery ဖောင်းလာတာတွေ
အားသွင်းရင်းသုံးမိလို့ ပေါက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က အားလုံးဝ ကုန်သွားလို့ ဆိုင်ကနေ Battery အသစ်တစ်လုံးကို ဝယ်ပြီး ထည့်လိုက်မိရင် ပုံမှန် ပွင့်နေကြ စက်တစ်လုံးဟာ
logo မှာတင် ရပ်နေတာတို့ စက် မတတ် တော့တာ ဖြစ်တတ်ပါတယ်
ဖြစ်တော့ဖြစ်ခဲပါတယ် အဲ့လိုဖြစ်လာခဲ့ရင် ဓာတ်ခဲ အဟောင်း ကို အားပြန်သွင်း စက်ထဲထည့် ပါဝါပွင့်တာနဲ့ ပြန်ထုတ်ပြီး ဓာတ်ခဲ အသစ်ကို ထည့်လိုက်ပါ။
တစ်ချို့ဆို Battery အမ်ပီယာ မတူလို့ Firmware တတ်ရမယ့် အချိန်မှာ အမ်ပီယာ နည်းနေတဲ့အတွက် Firmware ကျသွားတာတွေ
ရှိခဲ့ပါတယ်။
ဥပမာ=
TV ခလုတ်နှိပ်ပြီး ဖွင့်လိုက်တဲ့ အချိန် မီးအား ဆောင့်ဆွဲသွားတဲ့အခါမှာ မီးအားဖြတ်စက်က မီးအားနည်းနေရင် ဖြတ်လိုက်သလိုမျိုး
Firmware တတ်လာလိုက် ဖြတ်ချသွားလိုက်
လုံးလည် ချာလည် လိုက်နေတော့ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်
**သုံးဆယ်ရာခိုင်နှုန်းအောက်ဆိုရင် မသုံးသင့်တော့ပါဘူး
**ဖုန်းကတ် နှစ်ကတ်ထိုးပြီး သုံးတဲ့ဖုန်းတွေဟာ ပုံမှန်ထက် အားပိုကုန်ပါတယ်
**အင်တာနက်သုံးမယ် ဆိုရင် အားသွင်းရင်း မသုံးပါနဲ့
**POWER BANK ခရီးသွားရင်းသုံးဖို့ လျှပ်စစ်မီး မရတဲ့ နေရာကို သွားပြီး လုပ်ငန်းလုပ်ကြတဲ့သူတွေ သုံးဖို့ပါ
**Battery အပြည့်အဝ အားသွင်းချင်ရင် Flight Mode ထားပြီးအားသွင်းပါ။အားပြည့်ရင် ဖြုတ်လိုက်ပါ မသုံးပါနဲ့ဦး ခဏနေလျှင် ပြန် အားသွင်းပါ ပူနေတဲ့အခါမှာ ဘက်ထရီက အားအပြည့် မလှောင်နိုင်ပါ( အပူသွင်း အအေးသွင်း)ကြားဖူးကြမယ် ထင်ပါတယ်
**ခရီးဝေး သွားမယ်ဆိုရင် အလင်းလျှော့ထားပါ မလိုအပ်တဲ့ Game တွေ Application တွေ ဖြုတ်ချထားပါ
ဒါကတော့ အတွေ့အကြုံလေးတွေ ဝေမျှခြင်းပါ
လိုက်နာပါလို့လည်း မပြောလိုပါ
ကျွန်တော့ထက် သိတဲ့ ဆရာများလည်း ရှိမှာပါ
လုံးဝမသိသေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အတွက်ပါ။
http://www.kmmmyitnge.blogspot.com
No comments:
Post a Comment