Thursday, April 30, 2015

Clash Of Clan Version အသစ်​ 7.65 လာပါပြီ

Clash Of Clan update မလုပ်​ရ​သေး​သောသူများversion အသစ်​ 7.65 Apk အား ​ကောင်းမြတ်​မွန်
KMM mobile service မှာ လာ​ရောက်​ ထည့်​သွင်း နိုင်​ပါ​ကြောင်း  အသိ​ပေးလိုက်​ရပါတယ်

Monday, April 27, 2015

Facebook သုံး​နေ​သော မိန်းက​လေးများ သတိထားနိုင်​ရန်

Facebookသုံးသူတိုင်းဖတ်ရန်============================================
ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook သုံး ရင်း ပြဿနာတစ်ခု တက်ကြတယ်ဗျ။
အဲ့ ပြဿနာကလည်း အကြီးကြီးနော် .. ဂုဏ်သိက္ခာကို တော်တော် ထိခိုက်စေတယ်ဗျ။ အဲဒါ ဘာ ပြဿနာလည်းဆိုတော့..ဒီလိုဗျ..

ကျွန်တော်သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း Facebook သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်းဓာတ်ပုံတွေရိုက် .. ကိုယ့် ရဲ့ Friends တွေကို tag တွေထိုး…ပုံတွေကို share ကြတာပေါ့… အဲသူတို့ရဲ့ ph နံပတ်တွေကိုလည်း တစ်နေရာရာမှာ share လိုက်တာတို့…တင်လိုက်တာတို့..လုပ်မိတယ်ထင်တယ်ဗျ…
အဲမှာစတာပဲဗျာ…ဘယ်သူကမှန်းမသိ page တစ်ခုထောင်ပြီး ကျွန်တော့်သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile ကနေပြီးdownload လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မကောင်းတာတွေ လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင်က သူ့ရဲ့ page ကို ပြည့်တန်ဆာ page လိုမျိုး လုပ်ထား…ပြီးတော့ ကျွန်တော့် friend မိန်းကလေးရဲ့ နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…သေရော…
ကျွန်တော့် Friend ကိုဖုန်းတွေ ဆက်ပါလေရော…တစ်နေ့ကို ဖုန်း ၁၀ ခါပဲ ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင်က ဘယ်လိုနေမလဲ…လုပ်တဲ့သူကလည်း ဘယ်သူမှန်းမသိ…တိုင်လို့လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း အကောင်းပြောမယ့်သူတွေ ဆက်တဲ့ ဖုန်းမဟုတ်တော့ ခံရတဲ့သူက တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့ …ကျွန်တော့် firend ကို တစ်မျိုးထင်ကြတော့မယ်ဗျ…ပြီးတော့ နောက်တစ်ခုသတိထားရမှာက Facebook မှာ account name ကို တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ နံမည်တစ်ခုကို ရှာလိုက်ဗျာ…အဲ့နံမည်နဲ့ account တွေအများကြီးထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး download လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့ မကောင်းတဲ့ page တွေကို like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… ဘယ်မှလည်းတိုင်လို့မရ… ဘယ်သူမှန်းလဲမသိ…..အဲလိုမျိုး ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင်လို့ ဒါလေးကို ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ်လို့…စကားပုံတောင်ရှိတယ်မလား…အဲတော့ ဒီလိုမျိုး မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင် သူ့ရဲ့ profile ကို သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…ပြီးရင် ကိုယ့်ရဲ့ privacy ကိုထိခိုက်နိုင်မယ့်…status တွေမတင်မိစေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ လိပ်စာတို့ပေါ့…. Chat box တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ ကောင်းပါတယ်ဗျာ….တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို report တင်လို့တော့ရတယ်ဗျ..အဲ့ account က ဒီလိုလုပ်နေပါတယ်လို့…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ Facebook က သူ့ကို လုပ်တဲ့ account ကို block လုပ်ပေးလိုက်လို့သက်သာရာရသွားတယ်… ဒါပေမယ့် အဲ့လို့မျိုး Facebook က block ပေးတာက percent တော်တော်နည်းတယ်ဗျ… ကဲ Friend တို့ တစ်ခြားFriend တွေကိုလည်း သိရအောင် share ပေးပါနော်..သတိလည်းထားပေါ့ဗျာ..သတိထားတာမမှားပါဘူး….အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ် ကင်းကင်းနဲ့ ပျော်မွေ့နိုင်ပါစေနော်…
Credit: mwdvia SearchMyanmar

ဖတ်​ဖြစ်​​အောင်​ ဖတ်​ပါ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ – skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches(ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) ,insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations(နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems)အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း

အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီးဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့
ဖုန်းဘေးအိပ်ခြင်း၊
ကားပေါ်တွင်ဖုန်းပြောခြင်း၊
ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊
လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
Credit to:Myanmar Mobile App Store

FB Video ဆွဲချင်​သူ​တွေ

Facebook Video Downloader

လူတစ်ရာမှာ ကိုးဆယ်လောက်တောင်းတောင်းနေတတ်တဲ့Facebook ကနေ Video Download ယူတဲ့ဆော့ဝဲအခုနောက်ပိုင်း Facebook ကနေ Video ဒေါင်းမရသူ အများကြီးရှိတယ်ဒီဆော့ဝဲလေးသာ ဖုန်းထဲထည့်ထားလိုက် Video ဒေါင်းချင်ရင် ဒီထဲကနေစိတ်ကြိုက် ဒေါင်းလုပ်ယူနိုင်ပါတယ် အသုံးလိုသူများ အောက်ကလင့်မှာယူ100% အလုပ်လုပ်ပါတယ်ကျတော်စမ်းကြည့်ပြီးပါပြီ

http://aungthwinoo.blogspot.com/2014/06/facebook-video-download.html

Credit to >> အောင်သွင်ဦး နည်းပညာ

Viber ​မရ​သေးရင်

Viber ကို အင်တာနက်လိုင်းမကောင်းလို့Code စောင့်ရတာ စိတ်ညစ်နေပါသလား?

အဖြစ်အများဆုံးကတော့Android Version အနိမ့်ဖုန်းလေးတွေမှာဖြစ်လေ့ရှိတဲ့Code တွေ မလာတဲ့ ပြဿနာလေးပဲဖြစ်ပါတယ်ဖုန်းက Version နိမ့်နေပီး Viber ဆော့ဝဲလ်က နောက်ဆုံး Version ဖြစ်နေရင်လဲCode တွေ မပို့တာမျိုး ဖြစ်တက်ပါတယ်ဒီလို ပြဿနာနဲ့ ကြုံလာပီဆိုရင်တော့ Viber Version အမြင့်ကို Unstall လုပ်ပီးVersion ကို
Version အနိမ့်ကိုInstall လုတ်ပီး Viber ကို ဖွင့်ပေးရမှာဖြစ်ပါတယ်
Code ကိုတော့ Auto ဖြည့်သွားတာများပါတယ်ဗျာတကယ်လို့ မရဘူးဆိုရင်ရင်တော့ မိမိရဲ့ဖုန်းကို Date ပြောင်းပီးပြန်ဖွင့်ပေးရမှာဖြစ်ပါတယ်ဗျာ
ဒါဆိုရင် Viber ဖွင့်းပီးသွားပီဆိုမှViber Late Version ကို Install လုတ်ပေးလိုက်ပါ အဆင်ပြေသွားပါပီ.....~~~~~~~~~~~~~~~~~~~~~~

ကျန်းမာ​ရေး ဗဟုသုတ

ညည​ချောင်းဆိုးရင်
(၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ ။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ် နိုင်ပါတယ်။ ပူဒီနာရွက်သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေး မပျက် စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊အိပ်လို့လည်း ကောင်းစေ ပါတယ်။
(၂) အနေအထားလေး ပြောင်းအိပ်ကြည့်ရအောင် အိပ်ပျော်နေစဉ် ချောင်းဆိုးရ ခြင်းဟာ ကမ္ဘာမြေကြီး ဆွဲငင်အားကြောင့် ဖြစ်တယ်။ လှဲပြီးကျောချအိပ် လိုက်တဲ့အခါ နှာခေါင်း အနောက်ဘက် ထဲက အရည်တွေဟာ လည်ချောင်းထဲ ပြန်စီးဝင်လာတော့ လည်ချောင်းကို ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်လို့ ကောင်းချိန် ရောက်မှ ချောင်းထ ဆိုးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ ဆွဲငင်အားကို ဆန့် ကျင်ဖို့ နောက်ကြောမှာ ခေါင်းအုံး တွေထား၍မှီပြီး ခြေဆင်းထိုင်သည့် အနေအထား ပြောင်းလိုက်ပါ။ ပြီးရင် အနားယူ အိပ်စက်ပါ။ တချို့သော သူတွေမှာ စားချဥ့် ပြန်ရောဂါ ရှိပါက ညအိပ်တဲ့အခါ ခုတင် ခေါင်းရင်း နိမ့်ပါက အစာအိမ်ထဲက အက်စစ်ဓာတ် တွေဟာ လည်ချောင်း ဘက်ပြန် စီးဝင်လာ တတ်လို့ ညမှာ ချောင်းထဆိုး တတ်တယ်။ ဒါကြောင့် ခုတင် ခေါင်းရင်းဘက်ကို ၄ လက်မလောက် ပိုမြင့်အောင် ခုတင် ခေါင်းရင်း ဘက်က ခြေထောက်မှာ သစ်သားတုံး များထားပြီး ခြေရင်းထက်မြင့်အောင် လုပ်ပေးထားပါ။
(၃) ရေနွေးငွေ့ သုံးရင်သတိထားသုံးစွဲပါ ခြောက်သွေ့တဲ့ လေဟာ ချောင်း ပိုဆိုး စေပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် ကြက်သီးနွေး ရေဖြင့် ရေချိုး ပြီးမှ အိပ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့ ရေချိုးခန်း ရှိရင်လည်း မအိပ်ခင် အဲဒီမှာ သွားထိုင်ခြင်းဖြင့် ချောင်းဆိုး သက်သာ စေနိုင်ပါတယ်။ ဒါပေမယ့် ရင်ကျပ်ပန်းနာ ရှိသူ ဆိုရင်တော့ ရေနွေးငွေ့ရေချိုးခန်းမှာ ထိုင်ရင်ပိုရင် ကျပ်သွား စေနိုင်တယ်။
(၄) စိုထိုင်းထိုင်းဆကို သတိထားပါ ပတ်ဝန်းကျင် လေထု ခြောက်သွေ့ပါက လေထု စိုထိုင်းဆ များအောင် လုပ်ပေးနိုင်တဲ့ စက်လေးတွေ ဖွင့်ထားခြင်းဖြင့် ချောင်းမဆိုးအောင် ကာကွယ် နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆ အလွန်များရင်လည်း ချောင်းဆိုးစေနိုင်လို့ ချိန်ဆကြည့်ဖို့တော့ လိုတယ်။ လေထု စိုစွတ် စိုထိုင်း လာတော့ အမှိုက်တွေ၊ မှိုစတွေဖြစ်လာပြီး ဓာတ်မတည့် ဖြစ်တတ်တယ်။ အဲဒီအခါ ချောင်းဆိုး နိုင်ပြန်တယ်။ စိုထိုင်းဆကို ၄၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်း လောက် ထိန်းထားနိုင်ရင် OK တယ်။ ဟိုက်ဒရိုမီတာ တစ်ချောင်းဝယ်ထားပြီး တိုင်းနိုင်ပါတယ်။ ဈေးလည်း မကြီးပါ။
(၅) အိပ်ရာကို သန့်ရှင်းအောင်ထားပါ အိပ်ရာဝင်မှ ချောင်းဆိုးစပြုတယ် ဆိုရင် အိပ်ရာ မသန့်လို့လားဆိုတာ သတိထား ရပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ရာဖုံး စသည်တို့ကို တစ်ပတ်တစ်ခါ နေပူ လှန်းတန်လှန်း၊ ဆပ်ပြာနဲ့ လျှော်တန် လျှော်ရပါမယ်။လျှော်ပြီးရင် နေပူထဲမှာ ခြောက်အောင် လှန်း၊ မီးပူထိုးပြီးမှ သုံးပါ။ ခုတင်မှာ ဖုန်တွေ ရှိနေရင်လည်း သန့်ရှင်းပေးပါ။
(၆) အိပ်ရာနံဘေး အဆင်သင့် ထားရမယ့်ပစ္စည်းများ အိပ်ရာဘေးမှာ ရေသန့်တစ်ပုလင်း၊ ဖန်ခွက်၁ခွက်၊ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေးပြား၊ တစ်သျှူး၊ လက်သုတ်ပဝါ စသည်ဖြင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ အဆင်သင့် (ရှာနေ စရာ မလိုရအောင်) ထားပေးခြင်းဖြင့် ညဘက် ချောင်းဆိုးတဲ့ အခါ အလွယ် တကူ လုပ်စရာရှိတာ လုပ်နိုင်ပါတယ်။
(၇) ဆေးဝါးတွေလည်း စဉ်းစားထားပါ အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုး သက်သာစေတဲ့ ဆေးတွေကလည်း ကူညီ နိုင်ပါတယ်။ ချွဲပျော်ဆေးက ရင်ချောင်စေတယ်။ ချောင်းဆိုး ပျောက်ဆေးက ချောင်းဆိုးသက်သာ မယ်။ ရင်ကျပ်ရင်တော့ ရင်ချောင် ဆေးဝယ်သောက်ရမယ်။
(၈) ဆရာဝန်နှင့် ပြသပါ ချောင်းဆိုးတာ ၂ ပတ်ကျော် လာလို့မှ မသက်သာရင် သို့မဟုတ် နေရထိုင်ရ ခက်ခဲပြီး ပိုဆိုးဝါး လာတယ်ထင်ရင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု၊ ကုသမှုခံယူပါ။ ချောင်းဆိုးနေပြီဆိုရင် အဲဒီလူမှာ ကျန်းမာရေး ပြဿနာ တစ်ခု ရှိနေပြီဆိုတာ သိထားဖို့ လိုပါတယ်။
Credit  to  >>မြ၀တီ

Monday, April 20, 2015

လက်​သန်းဖြတ်​မှာ​နော်​ သတိထား

လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။၁၇ ရာစုကျော်က လက်ချောင်း၊ ခြေချောင်းများကို ရေတွက်ပြီး ဆော့ရတဲ့ ကဗျာ သီချင်းမျိုး ဖြစ်ပြီး Piggy ဆိုတာ လက်တစ်ချောင်းချင်းစီကို ဝက် တစ်ကောင်စီလို့ ရည်ညွန်းသလို ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကလေးများ ဂဏန်းသင်္ချာ ရေတွက်တတ်ဖို့ ဖြစ်ပြီး အင်္ဂလန်မှာ စတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း ရေတွက်ရာကနေ လက် ကလေးတွေ အချင်းချင်း ( ဝက်ကလေးတွေအချင်းချင်း) ကတိအပြန် အလှန် ပေးကြသလို ဆော့ရင်း လက်သန်းချင်း ချိတ်တယ် ဆိုတာ ကတိပေး တဲ့ သဘောအထိ သက်ရောက်လာပါတယ်။ (ဥပမာ- သူငယ်ချင်းရဲ့  ဝက်ကလေး အပြင်သွားတော့ သူငယ်ချင်း ဝက်​ကလေးကို ပြန်လာမယ်လို့ ကတိပေးတဲ့အနေနဲ့ ကလေးအချင်းချင်း လက်သန်းချိတ်ကြတာမျိုး ဖြစ်ပါ တယ်။Piggy ကို Pinky လို့ပြောင်းခေါ်ပြီး ယင်းဟာ အမေရိကန်-အင်္ဂလိပ်၊ စကော့တလန် အင်္ဂလိပ်မှာ လက်သန်းကို ရည်ညွန်းပါတယ်။ ဒါကြောင့် Pinky swear ( လက်သန်း ကတိ) လို့ ဆိုလိုပါတယ်။ ဂျပန်မှာ ကျတော့ Finger Cut-off လို့ ဘာသာပြန်ယူပါတယ်။ ဆိုလိုရင်းကတော့ကတိဖျက်ရင် လက်သန်းကို ဖြတ်ရတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကတိ ဖျက်သူဟာ လက်သန်းဖြတ်တဲ့ ယဉ်ကျေးမှုနဲ့ Pinky swear ဟာ တစ်ချိန်က ထင်ရှားခဲ့ဖူး ပါတယ်။ ယနေ့တိုင်လည်း ရာကူဇာ ဂိုဏ်းများမှာ ကလေးတွေ လို လက်သန်းချိတ် ကတိမပေးပေမယ့် ကတိဖျက်တဲ့သူဟာ လက်ချောင်း များ ဖြတ်နေဆဲ ဖြစ်ပါတယ်။ဒီတော့ Pinky swear ဆိုတာ လက်သန်းနဲ့ ရင်းပြီး ပေးတဲ့ ကတိလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ကတိတစ်ခု ဖျက်တယ်ဆိုတာ လက်သန်း မရှိတော့မှ ဖျက်နိုင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ သို့ပေမယ့်လက်သန်း ရှိရှိ မရှိရှိ Pinky swear လုပ်ထားပြီးရင် ယင်းကတိဟာ ဘယ်တော့မှ မဖျက်ရဘူးလို့ အဓိပ္ပါယ် ရပါတယ်။ယနေ့မှာတော့ ယင်း Pinky swear - ကတိကို ကလေးများကြား၊ အရင်းနှီး ဆုံး သူငယ်ချင်းများကြား၊ ချစ်သူများကြား၊ မိဘနှင့် သားငယ်၊ သမီးငယ်များကြား ပေး တတ်ကြပြီး ကတိပေးတဲ့ အမှတ်အသား တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံး အသုံးပြုလျက် ရှိပါတယ်။
---Ref: wikiအောင်ခမ်း ( ရိုးရာလေး )

Thursday, April 16, 2015

Wifi ကင်​မရာ (အင်​တာနက်​မလို)

ဒီဆော့ဝဲလေးကတော့ ဖုန်း၂လုံးစလုံး ၀ိုင်ဖိုင်ဖွင့်ထားပြီး တစ်လုံးက ကင်မရာကို နောက်တစ်လုံးနဲ့ကြည့်လို့ရတာလေးပါ။ cctv အသေးစားလေးပေါ့ဗျာ။ သုံးနည်းကလွယ်တော့ ပုံမပြတော့ဘူး။ အောက်မှာပေးထားတဲ့ဆော့ဝဲကိုဒေါင်းပြီး ဖုန်းနှစ်ခုလုံးမှာတင်ပါ။ ပြီးရင် အဲ့ဆော့ဝဲကို ၂လုံးလုံးမှာဖွင့်ပြီး တစ်လုံးက camera ကိုနှိပ် နောက်တစ်လုံးက view ကိုနှိပ်လိုက်ရင် ချိတ်ထားတဲ့ဖုန်းနံပါတ်ပေါ်လာမယ်။ အဲ့ဖုန်းကိုနှိပ်လိုက်ရင် ကြည့်လို့ရပါပြီ။ဆော့ဝဲနာမည်က WebOfCam ပါ။
Mobomarket.Mobogine.Play store မှာလည်း ​ဒေါင်း ယူနိုင်​ပါတယ်​။
https://dl.dropboxusercontent.com/content_link/hBu5sH54H12nT4y4HmB9iVsmRfBuSCw9VFO0iAKibi9BAZbFZgc0CD8jcDFkOBn2?dl=1

Sunday, April 12, 2015

ဖုန်း ဝယ်​ မလို့လား ?

ဖုန်းဝယ်တော့မယ်ဆိုရင်
ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊
ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင်စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ထပ်မံမျှဝေလိုက်ပါတယ်။
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။
အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 35 ဆိုပါစို့။

အဲဒီ ဂဏန်း၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။
(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းကQuality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
အားလုံးစစ်မှန်၊အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ အထက်ပါ စစ်ဆေးခြင်းနည်းတွေက မိုလ်ဘိုင်းဖုန်းအားလုံးအတွက်ဖြစ်ပါတယ်။

ယခုထက်မံ ဖြည့်စွပ်ချင်တာကတော့ Samsung ဖုန်းတွေကို Original စစ်မစစ် စစ်ဆေးဖို့နည်းတခုပါ။ Samsung ဖုန်းမှာ*#0*# ကို call ပါ။ Original စစ်ရင် colour လေးတွေ ပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။
ထို့နောက် sinsor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး။
ဖုန်းရဲ့ setting > display > font style ပါ မပါကြည့်ပါ။ font style ပါခဲ့ရင်တော့ သင့်ဖုန်းက samsung အစစ်ပါ။
ဒီလိုနည်းဖြင့်Samsung စစ်မစစ် စမ်းသပ်နိုင်ပါပြီ။

Credit: nannlaydreamworld iMyanmarAds

IMEI ဆိုတာ ဘာလဲ

IMEI အ​ကြောင်း ဗဟုသုတအဖြစ်​Share ပေးလိုက်​ပါသည်​။ လုံးဝမသိ ​သေး​သော သူများအတွက်​ရည်​ ရွယ်​ပါသည်

IMEI ဆိုတာ မြန်မာလို ရိုးရိုး ရှင်းရှင်း ပြောရမယ် ဆိုရင် ဖုန်းတစ်လုံးမှာ မရှိမဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအနေမှာ ပါဝင်ပါတယ်။ ဖုန်းတစ်လုံးဆီမှာ သူရဲ့IMEI Code နံပတ် တစ်ခုစီ ရှိပါတယ်။ဘာကြောင့် IMEI က အရေးကြီးလဲ?

ဘာကြောင့် IMEI ဆိုတာ အရေးကြီးလဲ ဆိုရင် IMEI ဟာ ဖုန်းတစ်လုံးရဲ့ အသက်ပါဘဲ။
ကျွန်တော်တို့ ဖုန်းတွေ သုံးတယ်ဆိုတာ ဘာလုပ်ဖို့ သုံးတာလဲ။
ဖုန်းပြောဖို့အတွက် သုံးတာမဟုတ်​လား။ ဖုန်းပြောဖို့ မဟုတ်ဘဲ Game ဆော့ချင်ရင် Tablet ၀ယ်ပြီး Game ဆော့လို့ရတယ်မှတ်လား။အင်း အဲဒါပါဘဲ။ IMEI မရှိရင် ဖုန်းပြောလို့မရပါဘူး။ အဲဒါကြောင့်IMEI ကို အရေးကြီးတယ်လို့ပြောတာပါ။ ပြီးတော့ IMEI နံပတ်သိယုံနဲ့ အဲဒါ ဘာဖုန်းလဲ ဆိုတာသိလို့ရပါတယ်။ ဒီနည်းကိုတော့Samsung,Sony,HTC,iPhone,LG တွေမှာဘဲ အသုံးဝင်ပါတယ်။
China Phone တွေမှာ တော်တော်များများ အသုံးမ၀င်ပါဘူး။ IMEI နံပတ်သိယုံနဲ့ အဲဒါဘာဖုန်းလဲ ပြီးတော့ အဲဒါဘာမော်ဒယ်လဲ ပြီတော့အဲထဲမှာ ပါတဲ့ Feature တွေကို ကြည့်လို့ရပါတယ်။ စစ်ချင်ရင်တော့ http://www.imei.info/ မှာIMEI နံပတ်ထည့်ပြီး သွားကြည့်လို့ရပါတယ်။
ဖုန်းတစ်လုံးမှာ မိမိက IMEI စစ်ကြည့်လိုက်တဲ့အခါမှာအဲဒီ IMEI က Null နေတာတွေ ပြီးတော့ 000 တွေ ဖြစ်နေတာတွေ ပြီးတော့ Invalid ဖြစ်နေတာတွေဆို အဲဒီ ဖုန်းဟာ ဖုန်းပြောလို့ မရတော့ပါဘူး။ ဖုန်းပြောလို့ မရတော့တဲ့ အတွက် အဲဒီဖုန်းဟာ Game သာဆော့လို့ရပြီး ဖုန်းပြောလို့ရတော့မည် မဟုတ်ပါ။ အဲဒီအခါကျရင် သက်ဆိုင်ရာ Tools တွေနဲ့ ပြန်ရေးမှဖုန်းတစ်လုံးရဲ့ IMEI နံပတ်ဟာ တက်လာမှာ ဖြစ်ပါတယ်။ IMEI ရဲ့ အဓိပ္ပါယ် ရှင်းလင်းချက်ကို သိပြီနော်။ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို ဘယ်လို သိနိုင်မလဲ?
ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို သိချင်ရင် ဖုန်းရဲ့ ဘက်ထရီကို ခွာပြီးတော့ အဲဒီဖုန်းနောက်ကျောမှာရှိပါတယ်။ဖုန်းထဲကနေလဲ သွားကြည့်လို့ရပါတယ်။သွားကြည့်မယ် ဆိုရင်တော့ ဖုန်းခေါ်တဲ့ Key မှာ *#06# လို့ရိုက်လိုက်ပါ။မိမိရဲ့ IMEI နံပတ် တက်လာပါလိမ့်မည်။ပြီးတော့ ဖုန်းရဲ့ဘူးမှာလည်း ပါပါတယ်။မိမိဖုန်းတစ်လုံး ၀ယ်တော့မယ်ဆိုရင်*#06# နဲ့ IMEI ကို စစ် ပြီးရင် အဲဒီ IMEI ကို စာရွက်လေးနဲ့ မှတ်ထားပါ။ပြီးရင် ဖုန်းကို ဘက်ထရီခွာပြီး ဖုန်းရဲ့ နောက်ကျောက IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ ပြီးရင် ဖုန်းဝယ်နေတုန်း ဖုန်းရဲ့ဘူးမှာပါတဲ့ IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ အကုန်လုံး အဆင်ပြေမှ အဲဒီဖုန်းကို ၀ယ်ပါ။ နို့မို မဟုတ်ပါက အဲဒီဖုန်းတစ်လုံးဟာ အထဲထဲက ဆားကစ်ဘုတ် ချိန်းထားတာ ဒါမှမဟုတ် ဘူးတွေ မှားနေတာတွေ ဖြစ်တတ်လို့ပါ။IMEI အကြောင်းကို သိပြီထင်တယ်နော်။IMEI မရှိရင် ဘာဖြစ်တတ်လဲ။ IMEI မရှိရင် ဖုန်းပြောလို့ ရမှာ မဟုတ်ဘူးနော
်Huawei----------
Huawei ကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ Huawei က China Phoneဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei China Phone တောင်မှ အတု ထွက်ပါသေးတယ်။အဲဒီတော့ Huawei အတုအစစ် ခွဲနည်းလေးကို ပြောပြပေးလိုက်ပါတယ်။
အရင်ဦးဆုံး ဖုန်း စစ ၀ယ်ရင်စစ်ရမယ့်​ အချက်က ဖုန်းခေါ်တဲ့ Key မှာ*#06# ကို နှိပ်ပေးပါ။ IMEI နံပတ် တက်လာပါလိမ့်မည်။အဲဒီ IMEI နံပတ်ကို မှတ်ထားပြီး ဘူးတွေ ပြီတော့ ဘက်ထရီခွာပြီး အနောက်ကဟာတွေ နဲ့ တိုက်ကြည့်ပါ။တူပြီလား အိုကေပြီလား။ နောက်တစ်ဆင့်ထပ်တက်ပါမည်။ ဖုန်းရဲ့Settings ထဲကို ၀င်ပါ။ About Phoneထဲကိုဝင်ပါ။ About Phone ထဲမှာ Model number ကိုကြည့်ပါ။ ဥပမာ Huawei U8825D ဆိုရင် ဖုန်းရဲ့ဘူးတွေ ဖင်တွေမှာ သွားကြည့်ပါ Huawei U8825D ချင်းတူလား တူရင်ရပါပြီ။ နောက်တစ်ဆင့် Android Versionက 4.0.4 ဆိုရင် icream Sandwich မှတ်လား။ icream Sandwich မဟုတ်ဘဲ Gingerbread ဖြစ်နေပါကအဲဒါဆို အတုဖြစ်ဖို့ သေချာသွားပါပြီ။ ဒါကလည်း ဖုန်းတစ်လုံး စစ၀ယ်ရင် စစ်ရမဲ့ အရာပါ။ အဓိကက အဲဒါ ပြသာနာမဟုတ်ပါဘူး။ နောက်ပိုင်းကျရင် ဖုန်းသုံးရင်း သုံးရင်းနဲ့ အတုအစစ်ခွဲခြားတက်သွားပါလိမ့်မည်။ Huawei အတုကFirmware ရေးလို့ မရဘူး။ ပြီးတော့ မှန်ကွဲရင် မှန်တွေ လဲလို့ရမှာ မဟုတ်ဘူး။ အဲလောက်ဘဲ မှတ်ထားလိုက်ပါ။
Samsung------------
Samsung ကတော့ ရှင်းပါတယ်။ အတုဆိုရင် Download Mode ၀င်လို့မရဘူး။ Firmware ရေးလို့မရဘူး။ပြီးတော့ IMEI ကိုလည်း http://www.imei.info/ အဲမှာ သွားစစ်လို့ရပါတယ်။ အရင်ဦးဆုံး သူများတကာကSamsung Phone တစ်လုံး လာရောင်းမည်ဆိုပါက စစ်ရမဲ့ အပိုင်းက IMEI နံပတ်ကို http://www.imei.info/ မှာစစ်ကြည့်ပါ။ အတုဆိုရင် ရှာလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ IMEI ကို Fake IMEI ထည့်ထားရင်တော့ မပြောတတ်ပါဘူး။ အတုဆိုရင် Download Mode ၀င်လို့မရပါဘူး။
HTC------
HTC မှာလည်း ရှင်းပါတယ်။ အစစ်ဆိုရင် Recovery mode,FastbootMode ၀င်လို့ရပါတယ်။ အတုဆိုရင်အဲဒါဆိုဝင်လို့ရမည်မဟုတ်ပါ။ ဥပမာ သူများတကာက မိမိကို HTC Phone လာရောင်းပါက Vol Down + Power၀င်ကြည့်လိုက်ပါ။ Recovery Mode တွေ Fastboot Mode တွေ ၀င်လို့ရရင် အစစ်ပါ။ ၀င်လို့မရပါက အတုပါ။အတုဆိုရင် Firmware မရှိပါဘူး အထဲက IMEI နံပတ်ကိုလည်း စစ်လို့ရပါတယ်။ တစ်ချို့ အတုတွေမှာဆိုရင်IMEI ကို အတုထည့်ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Androd ဟာ OpenSource ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
Sony------
Sony မှာက အတုထွက်တာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အတုဟာ လူသုံးများတဲ့ ပစ္စည်းတွေကိုဘဲ လိုက်ထုတ်လို့ ဖြစ်ပါတယ်။ တကယ်လို့ စစ်ချင်ရင် IMEI နံပတ်ကို ရိုက်ကြည့်ပြီး Online မှာ စစ်ကြည့်လို့ရပါတယ်။