Thursday, June 4, 2015

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း

တစ်ခါတုန်းက လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ် ။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက် မသိဘာသာ အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။ဖုန်းဆက်သူ - “ ဟလို ချိုကိုကိုမြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ ချိုကိုကိုမြင့် ခြံ ထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ”တစ်ဖက်မှ - “ ကျွန်တော်ဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ”ဖုန်းဆက်သူ “ ချိုကိုကိုမြင့် ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု ချိုကိုကိုမြင့် ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ”တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်တော် ပိုသဘောကျပါတယ်ခင်ဗျ ”ဖုန်းဆက်သူ ( သည်းခံ နှိမ့်ချသောလေသံဖြင့် ) “ ချိုကိုကိုမြင့် ရေဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေးလုပ်ပေးပါ့မယ် ”တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ဗျာ ”---------------------------------------ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင် ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့ အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”“ အဲဒါကို မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်-- လူဆိုတာ ကိုယ်လုပ်နေ တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ မဟုတ် ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ဘူး ”ကဲ သူငယ်ချင်းတို့ လည်း ကိုယ်အရည်အသွေးကို ကိုယ့်တိုင်ဆန်းစစ်နိုင်ပါစေဗျာ

Posted bysoemyintthu

No comments:

Post a Comment