Monday, June 22, 2015

တယ်​လီ​နော

ဇွန်လ ၂၂ - ၂၇ ရက် အတွင်း တယ်လီနောဖုန်းအချင်းချင်း ခေါ်ဆိုခ အထူးနုန်း

မိနစ်၆၀ကို ၉၀၀ကျပ်ဖြင့်

(သုံးစွဲခွင့် ရက်၃၀ နှင့် သတ်မှတ်ရက်အတွင်း တစ်ကြိမ်သာ)

ရယူရန် B900 ဟု 700သို့ SMS ပို့ပါ။

Thursday, June 4, 2015

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း

တစ်ခါတုန်းက လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ် ။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက် မသိဘာသာ အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။ဖုန်းဆက်သူ - “ ဟလို ချိုကိုကိုမြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ ချိုကိုကိုမြင့် ခြံ ထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ”တစ်ဖက်မှ - “ ကျွန်တော်ဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ”ဖုန်းဆက်သူ “ ချိုကိုကိုမြင့် ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု ချိုကိုကိုမြင့် ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ”တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်တော် ပိုသဘောကျပါတယ်ခင်ဗျ ”ဖုန်းဆက်သူ ( သည်းခံ နှိမ့်ချသောလေသံဖြင့် ) “ ချိုကိုကိုမြင့် ရေဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေးလုပ်ပေးပါ့မယ် ”တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ဗျာ ”---------------------------------------ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင် ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့ အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”“ အဲဒါကို မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်-- လူဆိုတာ ကိုယ်လုပ်နေ တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ မဟုတ် ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ဘူး ”ကဲ သူငယ်ချင်းတို့ လည်း ကိုယ်အရည်အသွေးကို ကိုယ့်တိုင်ဆန်းစစ်နိုင်ပါစေဗျာ

Posted bysoemyintthu

မိသားစု ဆိုတာ


ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်-
စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်-

ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်-

၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခုဖြစ်တယ်-

တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ-

မိစုံဖစုံရှိတဲ့ မိသားစု တွေစည်းလုံးပျော်ရွှင်ကြရသလို

မိစုံဖစုံမရှိတဲ့ မိသားစုတွေ လည်းဝမ်းနည်းစိတ်ပျက်နေကြပါနဲ့ အနည်းဆုံးတော့ မိသားစု တော်ခွင့်ရှိနေကြသေးတယ်
မိသားစု ရှိနေကြသေးတယ်-

အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကိုပေးစေတတ်တယ်-

အစားကောင်းအသောက်ကောင်းတွေ စားချင်မှစားရလိမ့်မယ် ဒါပေယ့် အဲဒီသုံးဦးစပ်ငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်

သင်ရော -- မိသားစုထဲက တစ်ယောက်လားဒါဆို သင့်မိသားစု ကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ ကြင်နာစောင့်ရှောက်လိုက်ပါ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး ။
credit to #Soe Myint Thu

အသိပညာရဲ့ တန်​ဖိုး


တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာအင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေချာချာစစ်ဆေးတယ် ။အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါအဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။“ တူ နှင့် ထု ခ --- ၂ ဒေါ်လာမည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”####################################လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။Posted bysoemyintthu

ကော်​ဖီကြိုက်​သူများ

သင် ကော်ဖီစွဲနေပြီလား
? ? ?သင် ကော်ဖီစွဲနေပြီလား ? ? ?

ကော်ဖီကိုကြိုက်လို့သောက်တာ၊ ကော်ဖီသောက်မှလန်းမှာမို့လို့ သောက်တာ၊ ကြုံလို့သောက်လိုက်ရတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကော်ဖီသောက်နေသူတွေထဲမှာ ကော်ဖီတကယ်စွဲမစွဲ ကိုယ့်ဘာသာကိုယ် သိချင်တယ်ဆိုရင် ဒီအချက်လေးတွေကို ကြည့်လိုက်ပါ…

(၁)မနက်ဆို ကော်ဖီမသောက်ရရင်စိတ်ကို မကြည်ဘူး။ ဘယ်သူနဲ့မှ စကားမပြောချင်ဘူးဆိုတဲ့သူမျိုးဆိုရင်……

(၂) ကော်ဖီဘယ်လောက်ကြိုက်သလဲဆိုရင် ကော်ဖီအရသာလေး နည်းနည်းရလိုက်တာနဲ့ ဒါဘာအမျိုးအစားလဲဆိုတာတောင် ခွဲခြားတတ်နေပြီဆိုတဲ့ သူမျိုးဆိုရင်……

( ၃)ရုံးမှာဆိုရင် အိမ်သာသွားချိန်ထက် ကော်ဖီသောက်ဖြစ်တဲ့အချိန်က ပိုများနေတဲ့သူမျိုးဆိုရင်……

(၄)ကော်ဖီဆိုတာနဲ့ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ပေးသောက်တတ်တဲ့သူမျိုးဆိုရင်……

(၅)ကော်ဖီဆိုင်ကသူတွေက ကိုယ့်နာမည်တောင် သိနေတဲ့အထိ ကော်ဖီဆိုင်သွားတတ်တဲ့သူဆိုရင်……

(၆) သူငယ်ချင်းတွေနဲ့ အရက်သောက်ခဲ့တာ ဘယ်အချိန်က နောက်ဆုံးမှန်းမသိတော့ပေမယ့် ကော်ဖီကိုတော့ တစ်နေ့ဘယ်နှစ်ခွက်သောက်ဖြစ်မှန်း တိတိကျကျ သိနေတယ်ဆိုတဲ့သူမျိုးဆိုရင်……

(၇) ကော်ဖီဟာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကြောင်းရေးထားတဲ့ စတိုရီတွေ၊ ဆောင်းပါးတွေတွေ့တာနဲ့ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်မှာ အမြဲ share နေတတ်သူမျိုးဆိုရင်……

(၈) ကော်ဖီနံ့လေး ရလိုက်တာနဲ့ စိတ်ထဲမှာ လန်းဆန်းသွားတတ်သူဆိုရင်……

အပေါ်ကအချက်တွေအတိုင်း သင်ပြုမူနေပြီဆိုရင်တော့ သင်ဟာ ကော်ဖီစွဲနေတာ သေချာပါပြီ။

ဒါ့ကြောင့် တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သာ သောက်သင့်တယ်ဆိုတဲ့ အချက်မျိုးတွေ သိထားရမှာဖြစ်ပြီး အလွန်အကျွံ မဖြစ်အောင်တော့ ထိန်းသိမ်းသင့်ပါပြီ။

ကောင်းကျိုး ဆိုးကျိုးများ ဆက်​လက်​ ​ဖော်​ပြပါမည်