Thursday, May 21, 2015

I Pnone 6 Plus အချက် နှစ်ဆယ်

iPhone 6 Plus သုံးစွဲသူများသည် အရွယ်ကြီးမားသည့် display ကြောင့် အချို့သော iPhone feature များကို အလွယ်တကူ အသုံးပြုနိုင်သည်။ Apple သည် iPhone 6 Plus တွင် feature သစ်များကို ထည့်သွင်းပေးထားသောကြောင့် iPhone ကို ယခုမှ စတင်သုံးစွဲသူများ အနေဖြင့် အဆိုပါ feature များကို သတိမမူမိတာမျိုး ဖြစ်နိုင်သည်။iPhone 6 Plus တွင် iOS 8 ကို အသုံးပြုထားပြီး ၎င်းတွင်ပါဝင်သည့် အချို့သော feature များကို OS X Yosemite အသုံးပြုထားသော Mac နှင့် iOS 8 အသုံးပြုထားသော iPad တို့မှ အကျိုးရှိရှိ အသုံးချနိုင်သည်။ထို့ကြောင့် iPhone 6 Plus သုံးစွဲသူများ သိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
(၁) လက်တစ်ဖက်တည်းဖြင့်အသုံးပြုခြင်းiPhone 6 Plus သည် အရွယ်ကြီးမားသည့် ထုတ်ကုန်တစ်ခု ဖြစ်သောကြောင့် လက်တစ်ဖက်တည်းဖြင့် အသုံးပြုရာတွင် အခက်ကြုံနိုင်သည်။ သို့သော်လည်း ၎င်းတွင် built-in ပါဝင်သည့် tool တစ်ခုက iPhone 6 Plus ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ အသုံးပြုစေနိုင်သည်။Reachability ဟုခေါ်သည့် feature ကို အသုံးပြုလိုသည့်အခါ home ခလုတ်ကို နှစ်ချက်ပုတ်ရုံဖြင့် အသုံးပြုနိုင်သည်။ Home ခလုတ်ကို နှစ်ချက် tap လုပ်လိုက်သည့်အခါ iPhone 6 Plus screen က လက်တစ်ဖက်တည်းဖြင့် အသုံးပြု၍ ရနိုင်သည့် အကွာအဝေးသို့ ကျလာမည် ဖြစ်သည်။
(၂) Slow Motion ဗီဒီယိုရိုက်ကူးခြင်းiPhone 6 Plus တွင် slow motion ဗီဒီယိုကို 240fps ဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းသည် ဗီဒီယိုများကို အလွန်နှေးကွေးသော အမြန်နှုန်းဖြင့် ရိုက်ကူးနိုင်သည်။ ထိုသို့ ရိုက်ကူးရန်အတွက် Camera app ကို ဖွင့်ပြီး slow-motion mode ကို ပြောင်းကာ ညာဘက်အပေါ်ထောင့်တွင် 240fps ကို ပြောင်းထားရန်လိုအပ်သည်။
(၃) Landscape mode ဖြင့် အသုံးပြုခြင်းiPhone 6 Plus တွင် landscape keyboard သစ်၊ app အတွက် layout သစ်များနှင့် home screen အတွက် landscapeအပါအဝင် landscape mode ကို ထောက်ပံ့ပေးထားသည်။ ၎င်းသည် iPhond 6 Plus ကို iPad တစ်လုံးကဲ့သို့ အသုံးပြုနိုင်စေသည်။ iPhone 6 Plus ကို အလျားလိုက် အသုံးပြုသည့်အခါ home screen တွင် app များကို landscape viewအနေဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ Mail, Notes, Calendar app များတွင် landscape mode ဖြင့် အသုံးပြုသည့်အခါ screen ပေါ်မှ အချက်အလက်ကို iPad ပေါ်တွင် အသုံးပြုသကဲ့သို့ တွေ့မြင်ရမည် ဖြစ်သည်။

(၄) လက်တစ်ဖက်တည်းဖြင့်သုံးနိုင်မည့် Keyboardအဆိုပါနည်းလမ်းကို အသုံးပြုရန်အတွက် iPhone 6 Plus တွင် third-party keyboard တစ်မျိုးကို ဝယ်ယူအသုံးပြုရန် လိုအပ်သည်။ App Store တွင် $1.99 ဖြင့် ဝယ်ယူနိုင်မည့် One Handed Keyboard သည် iPhone 6 နှင့် iPhone 6Plus တွင် စာရိုက်ရာ၌ လက်တစ်ဖက်တည်းဖြင့် ရိုက်နိုင်စေမည် ဖြစ်သည်။

(၅) Password များကို Touch ID ဖြင့် ကာကွယ်ခြင်းTouch ID သည် iPhone 6 Plus ကို unlock ပြုလုပ်နိုင်သလို iTunes မှ ဝယ်ယူမှုများကိုလည်း ပြုလုပ်နိုင်သည်။ ထို့အပြင် Touch ID ကိုအချို့သော ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအနေဖြင့် LastPass သို့မဟုတ် 1Password ကဲ့သို့သော app များကို အသုံးပြုသည့်အခါ website များတွင် log in ပြုလုပ်သည့် အချက်အလက်များကို ပိုမိုလုံခြုံမှုရှိစေရန် Touch ID ဖြင့် ကာကွယ်ထားနိုင်သည်။

(၆) iPhone 6 Plus ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်စေရန်ပြုလုပ်ခြင်းiPhone 6 Plus သုံးစွဲသူများသည် ဘက်ထရီကို တစ်ရက်ခန့် အသုံးပြုနိုင်သော်လည်းပြဿနာ တစ်စုံတစ်ရာကြောင့် ဘက်ထရီ လျင်မြန်စွာ ကုန်ဆုံးခြင်းမျိုး ဖြစ်ပေါ်နိုင်သည်။ ထိုသို့ ဖြစ်ပေါ်သည့်အခါ Settings > General > Usage > Battery Usage သို့သွားပြီး ဘက်ထရီ အသုံးပြုမှု အများဆုံး app များကို ရှာဖွေနိုင်သည်။ အကယ်၍ app တစ်ခုခုက ဘက်ထရီ သုံးစွဲမှု အလွန်များနေပါက ၎င်းကို uninstall သို့မဟုတ် stop ပြုလုပ်နိုင်သည်။ Facebook သည် ဘက်ထရီသက်တမ်းကို အလျင်အမြန် ကုန်ဆုံးလွယ်စေသော်လည်း ၎င်းကို uninstall ပြုလုပ်ခြင်းကို မည်သူမျှ ပြုလုပ်ကြမည် မဟုတ်ပေ။

(၇) ခြေလှမ်းနှင့် ကျန်းမာရေးကို ခြေရာခံခြင်းiPhone 6 Plus တွင် သုံးစွဲသူ၏ တစ်နေ့တာ ခြေလှမ်းအရေအတွက် စသည့် ကိစ္စရပ်များကို accessory များနှင့် app များ ထပ်မံဝယ်ယူရန် မလိုဘဲ ပြုလုပ်နိုင်သည်။ iPhone 6 Plus home screen ရှိ Health app ကို ဖွင့်ပြီး Health Data, Fitness ကို tap လုပ်ကာ dashboard ပေါ်တွင် ဖော်ပြနိုင်သည့် optionကို ရွေးချယ်နိုင်သည်။

(၈) Vibration Alert များကို ပြောင်းလဲခြင်းiPhone 6 Plus vibration အသံသည် ၎င်း၏ ringer ထက် အသံပိုကျယ်သည်။ ထို့ကြောင့် အစည်းအဝေးခန်းအတွင်းရှိ silent လုပ်ထားသည့် iPhone 6 Plus တွင် call သို့မဟုတ် text ဝင်ရောက်လာသည့်အခါ အနှောင့်အယှက် ဖြစ်နိုင်သည်။ Settings> Sounds > Tap on Ringtone > Vibration > Create New Vibration တွင် tap လုပ်ကာ save လုပ်ပြီး vibration ကို ဖန်တီးနိုင်သည်။

(၉) iPhone 6 Plus ကို HDTV နှင့် ချိတ်ဆက်ခြင်းiPhone 6 Plus screen ကို အရွယ်ကြီးမားသည့် screen ပေါ်တွင် ပြသလိုသည့်အခါ iPhone 6Plus ကို Apple TV နှင့်ချိတ်ဆက်ပြီး ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကိုပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ရန်အတွက် ၉၉ ဒေါ်လာတန် Apple TV လိုအပ်သည်။ ထို့နောက်တွင် Control Center > AirPlay > AppleTV ဖြင့် iPhone 6 Plus screen ကို HDTV ပေါ်တွင် ပြသနိုင်သည်။

(၁၀) iPhone 6 Plus တွင် app များကို အလွယ်တကူ သုံးနိုင်ရန် စီစဉ်ထားရှိခြင်းiPhone 6 Plus ၏ ညာဘက်အပေါ်ထောင့်ကို လက်တစ်ဖက်တည်းဖြင့် အသုံးပြုရန် အဆင်မပြေသူများအနေဖြင့် Reachability ကို အသုံးပြုနိုင်သော်လည်း၎င်း feature ကို အသုံးမပြုလိုသူများ အနေဖြင့် လက်လှမ်းမီသည့် နေရာတွင် app များကို စီစဉ်ထားရှိခြင်းဖြင့်ပြုလုပ်နိုင်သည်။ ပုံမှန်အသုံးပြုသည့် app များကို iPhone 6 Plus screen ၏ အလယ် သို့မဟုတ် အောက်ခြေဘက်တွင် ထားခြင်းဖြင့် app များကို လက်တစ်တည်းဖြင့် ဖွင့်နိုင်မည် ဖြစ်သည်။

(၁၁) Mac တွင် Instant Hotspot ဖြင့် အသုံးပြုခြင်းiOS 8 အသုံးပြုထားသည့် iPhone တွင် Instant Hotspot ကို ဖွင့်ထားသည့်အခါ Mac ဖြင့် iPhone ကို ချိတ်ဆက်ရာတွင် မည်သည့်အရာကိုမှ ဖွင့်စရာမလိုဘဲ WiFi option ရှိ iPhone ကို ရွေးချယ်ရုံဖြင့် Instant Hotspot ကို အသုံးပြုနိုင်သည်။

(၁၂) Mac တွင် iPhone 6 Plus text များ ဖတ်ရှုခြင်းiPhone 6 Plus နှင့် iOS8.1 တွင် OS X Yosemite အသုံးပြုထားသည့် Mac မှ text message များ ဖတ်ခြင်း၊ အကြောင်းပြန်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည်။ Mac ပေါ်ရှိ messages Settings တွင် အဆိုပါ feature ကိုဖွင့်ပြီး သုံးနိုင်သည်။

(၁၃) Mac နှင့် iPad ပေါ်မှ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်းiPhone 6 Plus ကို Mac သို့မဟုတ် iPad နှင့် ချိတ်ဆက်ကာ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဖုန်းဝင်လာသည့်အခါ iPhone 6 Plus နှင့် မပြောလိုသူများ အနေဖြင့် Mac ပေါ်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှုကို ဖြေကြားနိုင်သည်။

(၁၄) Handoff ဖြင့် ထုတ်ကုန်များကို အလျင်အမြန် ပြောင်းလဲအသုံးပြုခြင်းiPhone 6 Plus, Mac နှင့် iPad ကို အသုံးပြုသူများအတွက် Handoff က အကောင်းဆုံး feature တစ်ခု ဖြစ်သည်။ ၎င်းသည် Apple ထုတ်ကုန်များအကြား အလျင်အမြန် ပြောင်းလဲအသုံးပြုနိုင်သလို လိုအပ်သည့် ဖိုင်များကိုလည်း အလျင်အမြန် ဖွင့်နိုင်သည်။

(၁၅) Apple Pay ဖြင့် ငွေပေးချေခြင်းiPhone 6 Plus တွင် NFC အတွက် အထောက်အပံ့ပါဝင်သောကြောင့် Apple Pay မှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။ အဆိုပါ မိုဘိုင်းငွေပေးချေမှုစနစ်သည် လုံခြုံပြီး credit card များကို အသုံးပြုခြင်းထက် ပိုမိုလွယ်ကူသည်။ သို့ရာတွင် Apple Pay ကို Store တိုင်းနှင့် ဘဏ်တိုင်းက လက်ခံခြင်း မရှိသေးပေ။

(၁၆) iPhone 6 Plus မှ ဓာတ်ပုံအားလုံးကို iCloud တွင် အလိုအလျောက် သိမ်းဆည်းခြင်းiPhone 6 Plus တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို iCloud တွင် သိမ်းဆည်းလိုသည့်အခါ iCloud Photo Library ကိုဖွင့်ရုံဖြင့် ပြုလုပ်နိုင်သည်။

(၁၇) iPhone 6 Plus ပေါ်တွင် Desktop Webiste တစ်ခုကို request လုပ်ခြင်းiPhone 6 Plus display သည် အရွယ်ကြီးမားသောကြောင့် desktop version ဝက်ဘ်ဆိုက်များကို ကြည့်ရှုနိုင်သည်။ iPhone ပေါ်တွင် ဝက်ဘ်ဆိုက်များကို မိုဘိုင်းဗားရှင်းဖြင့်သာ ဖော်ပြသော်လည်း desktop version ကို ရွေးချယ်ပြီး အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်သည်။

(၁၈) iPhone 6 Plus ကို Bluetooth Keyboard ဖြင့် အသုံးပြုခြင်းiPhone 6 Plus ကို အရွယ်သေးငယ်သည့် ဒေါ်လာ ၃၀ တန် Bluetooth Keyboard ဖြင့် ချိတ်ဆက်ပြီး အသေးစား laptop အနေဖြင့် အကျိုးရှိရှိ အသုံးပြုနိုင်သည်။

(၁၉) AirDrop ဖြင့် ဖိုင်များ ဝေမျှခြင်းiPhone 6 Plus တွင် Tap အနည်းငယ်လုပ်ရုံဖြင့် ဖိုင် သို့မဟုတ် link တစ်ခုကို iPhone မှ Macထံ ဝေမျှနိုင်သည်။ ကွန်ပျူတာမှ ဖိုင်ကို iPhone 6 Plus ထံ ဝေမျှရာတွင်လည်း အလွယ်တကူ ပြုလုပ်နိုင်သည်။

(၂၀) Time Lapse ဗီဒီယို ရိုက်ကူးခြင်းiPhone 6 Plus နှင့် iOS8 တွင် Time Lapse option သစ် ပါဝင်လာသည်။ Camera app ကိုဖွင့်ပြီး Time Lapse ကို ရွေးကာ record ကို tap လုပ်ပြီးကင်မရာကို မြဲမြံစွာ ကိုင်ထားခြင်းဖြင့် Time Lapase ဗီဒီယို ရိုက်ကူးနိုင်သည်။

Monday, May 18, 2015

တယ်လီနော ကြေငြာချက်

မင်္ဂလာပါခင်ဗျာ။
၂၀၁၅ခုနှစ် ဇွန်လ ၁ရက်နေ့မှစပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေ အရ သုံးစွဲသူ မိဘပြည်သူများ ၀ယ်ယူသမျှပမာဏများတွင် ကုန်သွယ် လုပ်ငန်းခွန် ၅%ကို ထည့်သွင်း ကောက်ခံသွားမှာဖြစ်ပါတယ်ခင်ဗျာ။ အသေးစိတ်သိရှိလိုပါက တယ်လီနောရဲ့ တရားဝင် အင်တာနက် စာမျက်နှာဖြစ်တဲ့https://goo.gl/PYMegM
မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အားလုံးပဲ မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Dear Customers, from the 1st of June,2015 in accordance with the new commercial tax law of the UnionGovernment of the Republic of Unionof Myanmar 5% Commercial Tax will be charged on all transactions. For more information, please visit our website athttps://goo.gl/PYMegM
Thank you.

Friday, May 15, 2015

Keyboard မျိုးစုံ မ လာတယ်

နီစိမ်းပုဂံ
http://pc.cd/jed

ပြာစိမ်းပုဂံ
http://pc.cd/0nd

✏ Bagan Kyeboard Pro✏
http://lm.facebook.com/l.php?u=http%3A%2F%2Fwww.mediafire.com%2F%3Fj83sqllupwdnvzk&h=vAQHIAfTp&s=1

BG KB 5.0
http://pc.cd/wWw

BG KB 5.1
http://pc.cd/ANK

ဂစ်တာ အို
Bagan keyboard 5.9
http://pc.cd/JzN

အသဲ့ပုံနဲ့ပန်းကီးဘုတ်အားဒေါင်းရန်<<<>>>
http://www.mediafire.com/?xw9gy8eyw4x4zp1

Bagan KB Love
http://pc.cd/ajw

အထီးကျန် လူသားလေး
Bagan Keyboard အလန်းလေး 
https://db.tt/LEahP4hf

ပန်းနှစ်ရောင်စပ် ဒေါင်းရန်  https://www.dropbox.com/s/9xvwmuytpqqze7i/%E1%80%95%E1%80%94%E1%80%B9%E2%80%8B%E1%80%B8%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E2%80%8B%E2%80%8B%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%E1%80%85%E1%80%95%E1%80%B9%E2%80%8B.apk?dl=0

အသဲပုံကီးဘုတ်အားဒေါင်းရန်<<<<>>>>
http://www.mediafire.com/?nmg1052em1irsz1

ပန်းကီးဘုတ်အားဒေါင်းရန်<<<>>>
http://www.mediafire.com/?yw5zdds6rj5ty6e

Ye Zaw
သဲပုံ BG KB
http://pc.cd/RQq

ပုဂံ ကီးဘုတ် 4.4 [ Blue Heart ]
https://www.dropbox.com/s/pk72ynsn71rgcyh/Bagan%20Keyboard_4.4.apk?dl=0

အပြာရောင်ည အလွမ်းအိမ်မက်
BG KB 5.1ကိုနဲနဲပြင်ထားပါ code ကတော့ မဖြည်ရသေးပါဘူး

အသဲပုံကီးဘုတ်
http://pc.cd/hKE
အရိုးခေါင်းပုံ
http://pc.cd/EDE
ပန်းသီးပုံ
https://www.dropbox.com/s/bgyub3gzt59c5px/Bagan%20Keyboard_com.bit.androsmart.kbinapp_5.1_51.apk?dl=0

ဖုန်းပြသာနာဖြေရှင်းပေးသော လူငယ်များအဖွဲ့   
Bagan Keyboard V5.6
PCloud link http://pc.cd/lKm
PlayStore link https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp
.......
https://www.dropbox.com/s/9tmzvoowss5jhpy/banganbeautty.apk?dl=0
......